လင်မယား စကားများ၍ မိမိကိုယ့်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး၊ ရဲအုပ်တစ်ဦး သေဆုံး

လင်မယား စကားများ၍ မိမိကိုယ့်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး၊ ရဲအုပ်တစ်ဦး သေဆုံး

RND၊ စက်တင်ဘာ ၃(၂၀၁၉)

ဧရာဝတီတိုင်းဒေသကြီး၊ဒေးဒရဲမြို့၊ အမှတ်(၁)ရပ်ကွက်၌ လင်မယားစကားများ၍ မိမိကိုယ့်ကို သေနတ်ဖြင့် ပစ်ခက်၍ ရဲအုပ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

စက်တင်ဘာ ၂ ရက်နေ့ ညပိုင်း ၈နာရီက ဒေးဒရဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ချူပ်လမ်း ရှိ ဒေးဒရဲအအေးခန်း ဧည့်ရိပ်သာ အခန်းA1ထဲမှာ ကျုံဒါးနယ်မြေ ရဲစခန်းမှူးး ရဲအုပ် စောလှဌေး ၄၅နှစ် နဲ့ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ချောဥမ္မာ ၃၃ နှစ်တို့က လင်မယား စကားများကြတယ်။

ရဲအုပ် စောလှဌေးက ဇနီးဖြစ်သူ၏ ညဘက်ပေါင်ကို သေနတ်ဖြင့် နှစ်ချက် ပစ်တယ်။ မိမိကိုယ့်ကိုမိမိ ၎င်းကိုင်ဆောင်ထားတဲ့ သေနတ်ဖြင့် ပါးစပ်ထဲငုံပြီးတော့ တစ်ချက်ပစ်ခတ် သေဆုံးသွားတာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အခင်းဖြစ်နေရာမှာတော့ ရဲအုပ် စောလှဌေးက ပါးစပ်က သွေးတွေထွက်ပြီး သေနေတယ်။ ဇနီးဖြစ်သူကတော့ ခန္ဓာ ကိုယ်နဲ့ ညာဘက်ပေါင်မှာ သွေးတွေထွက်နေလို့ ဖျာပုံ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။

ရဲလုပ်ထုံးလုပ်နည်းနဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း စုံစမ်းသိရှိရသည်။

သတင်း-ညီညီ(လှိုင်သာယာ)/ ဓါတ်ပုံ-ဦးဒေး
Real News Distribution Agency

Be the first to comment

Leave a Reply

Your email address will not be published.


*