အို ဘယ့်လူသား

မနေ့ညပိုင်း (၉)နာရီထိုးပြီး အချိန်ခန့်မှာ ၂၆-လမ်း(B)လမ်းမကြီးတောင်ဘက် ဂွေးချိုကျောင်းတိုက်မြောက်ဘက်ရှိ ပလက်ဖောင်းနှင့် ရေမြောင်းအဖုံးအသစ်များကို ဆရာတော်တစ်ပါးရဲ့ တင်ပြချက်အရ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက အကုန်အကျခံကာ ဆောင်ရွက်ပေးလျက်ရှိနေပါသည်။

ဒါကို အရက်သေစာ သောက်စားထားပြီး စိတ်လွတ်နေသူဆိုရသူတစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် လာရောက်တင်ဆောင်နေတာကို အနီးအနားရှိ လူတွေက ဆရာတော်များထံ ဖုံးဆက်လျှောက်ထားလို့ မေသက်ကျောင်းဆရာတော်များ ကြွရောက်ကြကာ ပြဿနာတစ်ခု ဖြေရှင်းခဲ့ရပါသည်။

ထူးဆန်းသည်မှာ လူသုံးလေးယောက် ဝိုင်းပြီး မယူနိုင်မှ ရနိုင်သည့် ရေမြောင်းဖုံးကို ရေမြောင်းပေါ်ကနေ ကတ္တရာလမ်းဘေးရောက်အောင် တစ်ယောက်ထဲနဲ့ မ, ယူနိုင်တာကိုက အံ့သြစရာဖြစ်နေပေသည်။

ပုဂ္ဂိုလ်ရေးရာအရ မတင်တော့လို့ စိတ်ကူးထားသော်လည်း ထိုလူသားရဲ့ အားအစွမ်းကို သဘောကျမိတာကြောင့် ဂုဏ်ပြုတင်ပြခြင်းဖြစ်ပါသည်။

ကာယဗလ ဉာဏဗလနှစ်းပါးနှင့် ပြည့်စုံနိုင်ကြပြီး အကျိုးရှိရာ ကိစ္စများမှာ အသုံးချ နိုင်ကြပါစေ။
မေတ္တာဖြင့် (Ashin khawein)

Be the first to comment

Leave a Reply

Your email address will not be published.


*