မြန်မာ-ဂျပန်ပွဲစဉ်ကို ကွင်းထဲထိ သွားရောက်အားပေးကြတဲ့ ဗရမ်းဗတာဘီအက်အက်အ့
Unicode Versionဖြင့်ဖတ်ရန်
ကျော်ကျော် ဆုမြတ်နိုးဦး ညီထွဋ်ခေါင်တို့သူငယ်ချင်းသုံးယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အမြဲစနောက်နေပြီး ဆေးထိုးကြသူတွေဖြစ်ရာ စိတ်မဆိုးကြဘဲ ပျော်ပျော်ရွှင်ရွှင်နေတဲ့ သူငယ်ချင်းတွေပါ။ ကျော်ကျော် ဆုမြတ်နိုးဦး ညီထွဋ်ခေါင်တို့သူငယ်ချင်းသုံးယောက်ရဲ့ ဟာသဗီဒီယိုလေးတွေဟာလဲ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေခဲ့တာပါ။
သူတိူ့သုံးယောက်ဟာ N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ ဆိုတဲ့ Page လေးကနေတစ်ဆင့် ပရိသတ်တွေကို ပျော်ရွှင်စရာဗီဒီယိုလေးတွေ တင်ဆက်ပေးလေ့ရှိတာပါ။ သူတို့ရဲ့ဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားနေတာပါ။ သူတို့ရဲ့လှုပ်ရှားမှုတွေကိုလည်း ဒီ Page မှတစ်ဆင့် ဝေမျှပေးနေတာပါ။
အခုမှာလည်း မြန်မာ-ဂျပန် ဘောလုံးပွဲစဉ်ကို မိုးထဲရေထဲမှာတောင် ကွင်းထဲထိသွားရောက်အားပေးခဲ့ကြတဲ့ ပုံရိပ်လေးတွေကို တင်ထားတာပါ။ သူတို့ရဲ့Facebook Page တွင်လည်း ” မြန်မာ-ဂျပန်ဘောလုံးပွဲအားပေးကြသည် ” ဆိုပြီး ရေးသားထားတာလေးကို ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။N-H-K
Be the first to comment
Leave a Reply
Your email address will not be published.
*