ကလေးလေးတစ်ယောက်လို ကြည်နူး ပျော်ရွှင်နေတဲ့ ခင်ဝင့်ဝါ

မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံးမင်းသမီးလေးတွေစာရင်းမှာ နေရာယူထားတဲ့ သရုပ်ဆောင်မလေး ခင်ဝင့်ဝါဟာ အားလုံးရဲ့အချစ်တွေကို ပိုင်ဆိုင်ထားသူလေးတစ်ယောက်ပါပဲနော်။ သူမရဲ့ ပရိတ်သတ်တွေကတော့ သေးသေးကွေးကွေးလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ သူမကို ခေးလေးဆိုပြီးချစ်စနိုးခေါ်ကြပါတယ်နော်။ သူမဟာ တကယ်လည်း ကလေးလေးတစ်ယောက်လို ဖြူစင်တဲ့အလှတရားကိုပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။

မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ခေးလေးခင်ဝင့်ဝါဟာဆိုရင် အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာထားလေးကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်ဝန်းရံလျက်ရှိတာလည်းဖြစ်ပါတယ်။ ခင်ဝင့်ဝါဟာဆိုရင် ဗီဒီယိုဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ရပြီး လက်ရှိမှာတော့ ရုပ်ရှင်ကားကြီးတွေမှာပါ ရိုက်ကူးအောင်မြင်နေတဲ့ မင်းသမီးတစ်ဦး ဖြစ်ပါတယ်။

ပိန်သွယ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့အတူ မြင်သူချစ်မိစေတဲ့ သူမရဲ့အလှက ယောက်ျားလေးပရိသတ်တွေရဲ့ အားပေးမှုတွေသာမက မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။သူမဟာ အပြုံးချိူချိူလေးတွေရယ် ချစ်စရာဟန်ပန်လေးတွေရယ်နဲ့ အမြဲတမ်း သရုပ်ဆောင်တက်တာကြောင့် ပရိတ်သတ်တွေက အသဲစွဲနေရခြင်းလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ကြည်နူး ပျော်ရွှင်နေတဲ့ ခရီးသွား အမှတ်တရ ပုံလေးကိုဖော်ပြထားတာတွေ့ရတာကြောင့် ပရိသတ်ကြီးတွက်မျှဝေပေးလိုက်ပါတယ်။Khin Wint Wah

Be the first to comment

Leave a Reply

Your email address will not be published.


*