အောင်လရဲ့သီချင်းအသစ်လေးမှာ ချစ်သူနဲ့အတူ ကြည်နူးပျော်ရွှင်စွာပါဝင်သရုပ်ဆောင်ပေးခဲ့တဲ့ ဝိုင်းစု

ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ ချစ်သူအောင်လနဲ့သီချင်းတွေအတူတူဆိုပြီး သီချင်းအသစ်တွေကိုလည်းဆက်လက်ဖန်တီးနေပါတယ်နော်။ဝိုင်းစုကိုတော့ ပရိသတ်တွေက သူမရဲ့ဟိုးအရင်တုန်းကဗီဒီယိုဇာတ်ကားတွေမှာကတည်းက တစ်ခဲနက်အားပေးလာကြပြီး မျက်နှာဝိုင်းဝိုင်းလေးနဲ့ချစ်မွှေးပါလွန်းလို့ ပရိသတ်တွေကအရမ်းချစ်ခဲ့ကြပါတယ်။

အခုချိန်ထိလည်း ပရိသတ်တွေကတစ်ခဲနက်အားပေးကြပြီး သူမရဲ့သီချင်းလေးတွေကလည်းပရိသတ်တွေကြားမှာအရမ်းရေပန်းစားပြီး ဘယ်တော့မှမရိုးသွားနိုင်တဲ့သီချင်းကောင်းလေးတွေပါနော်။ဝိုင်းစုနဲ့အောင်လတို့ချစ်သူနှစ်ဦးကို ပရိသတ်တွေကလည်းသဘောတူကြပြီး ချစ်သူနှစ်ယောက်ရဲ့ သီချင်းအသစ်လေးတွေကို စောင့်မျှော်နေကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ “ဒီနေ့ ကိုအောင်လရဲ့”အသုံးတော်ခံ”အခွေထဲက “လိုတရ”ဆိုတဲ့သီချင်း Music Videoလေးကိုအပြင်က တကယ့်စုံတွဲ အစစ်တွေနဲ့ ရိုက်ဖြစ်တယ်”ဆိုပြီး အောင်လရဲ့သီချင်းအသစ်လေးမှာ ချစ်သူနှစ်ဦးအတူတူ ကြည်နူးစွာနဲ့ပါဝင်သရုပ်ဆောင်ကြတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဝိုင်းစုတို့ရဲ့”လိုတရ”သီချင်းလေးကို နားထောင်ဖို့အတွက်အဆင်သင့်ဖြစ်နေကြပါပြီနော်။Wyne Su’s Facebook

Be the first to comment

Leave a Reply

Your email address will not be published.


*